ရေး ဇွန် ၅
မွန်ပြည်နယ် ရေးမြို့နယ်၌ ၂၀၂၁ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် "ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ ရေးမြို့နယ် တူးမြောင်းကျောင်းရွာ လေယာဉ်ကွင်းဟောင်းအနီး၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာ စကား ပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးအေးလွင်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး နေ့အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုဦး၊ ရဲမှူးသိန်းဇော်နှင့် မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးအေးလွင်တို့က ပျိုးပင်များ ဖြန့်ဝေပေးပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများမှ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။