လပွတ္တာ ဇွန် ၅
မြန်ပြည်တစ်ခွင်စိမ်းရောင်လွှမ်း ဖို့သစ်ပင်စိုက်ပျိုးကြပါစို့ ခေါင်း စဉ် နှင့်အညီ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် မိုးရာသီ လူထုလှုပ်ရှားမှုသစ်ပင်စိုက်ပွဲတော်ကို (၃)မိုင်မြို့သစ် မြရာကုန်း ဂေါက်ကွင်း၌ ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မိုးရာသီလူထုလှုပ်ရှားမှုသစ်ပင်စိုက်ပွဲတော်ကို သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူက ပျိုးပင်များပေးအပ်ရာ ခရိုင် / မြို့နယ် အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျွန်း၊ ပျဉ်းက တိုး၊ ယူကလစ်၊ မန်ဂျာရှား၊ ငုရွှေဝါ၊ ခရေ၊ စိန်ပန်းစသည် ပျိုးပင်ပေါင်း( ၇၇၅ )ပင်ကို စုပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။
ပြည်သူအကြားသစ်တောသစ် ပင်ကိုယ်တိုင်စိုက်ပျိုးခြင်းအား ဖြင့် သစ်တောသစ်ပင်များကို ချစ် ခင်မြတ်နိုး လာခြင်း၊ သဘာ၀ တောများမပျက်စီးမပြုန်းတီးနိုင်အောင်ထိန်းသိမ်းကာကွယ်စောင့် ရှောက်လာတဲ့ အသိတရား များ ပြည်သူများအကြားနိုးကြားပျံ့နှံ့စေပြီး ပြည်သူများပူးပေါင်းပါဝင်ရန် ရည်ရွယ်၍ မိုးရာသီလူထုလှုပ် ရှားမှု သစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့ခြင်းဖြစ်ပြီးလပွတ္တာမြို့ နယ်ယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၁၄၂၅၀၀) ကျော်ကို ပျိုးထောင်ထားပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။