ပုသိမ် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပသည်။ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ကို နှစ်အလိုက် အထိမ်းအမှတ် ဆောင်ပုဒ်များနှင့်အညီ ကျင်းပခဲ့ရာမှာ ယခုနှစ်ဆောင်ပုဒ်ဖြစ်တဲ့ ပတ်ဝန်းကျင် ရေရှည်တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနှစ်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါစို့ (Eco system Restoration) ဆောင်ပုဒ်နှင့် စီစဉ် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသူ အားလုံး၏ လူနေမှုဘဝ ဖွံဖြိုးတိုးတက်ရေး နှင့် ကျန်းမာ ပျော်ရွှင်ရေး အတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနှစ်ကို ထိန်းသိမ်းနိုင်ရန် ဆိုတဲ့ မျှော်မှန်းချက်နှင့်အညီ ဂေဟစနှစ်ပြန်လည် ထူထောင်ခြင်းကို လူသားတိုင်း၊ နေရာတိုင်းတွင် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်းနှင့် မြန်မာနိုင်ငံရဲ့ ပစ္စုပ္ပန်အကျိုးနဲ့အနာ ဂတ် အကျိုးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရေး ရှင်းလင်း ပြောကြားသည်။ ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး ဗီဒီယိုပြကွက်ဖြင့် အခမ်းအနား တက်ရောက်သူများ အားပြသခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရသည်။
မြင့်ဟန်