မြောင်းမြ ဇွန် ၅
“ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်း ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၁ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ယနေ့နံနက် ၈နာရီက မြောင်းမြမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ကျောက်ကုန်း ကြိုးဝိုင်းအမှတ်(၁)၊ မြောင်းမြ-လပွတ္တာ ကားလမ်းဝဲ/ယာ၊မြစိမ်းရောင်တောင်၊ မြတိဂုံစေတီ မုခ်ဦးအဝင်လမ်းတို့တွင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က စိုက်ပျိုးပင်များပေးအပ်ခဲ့ရာ တာဝန်ရှိသူများ ကလက်ခံရယူခဲ့ကာ သတ်မှတ်နေရာများတွင် မန်ဂျန်ရှား(၅၀၀)ပင်၊ မဟော်ဂနီ(၃၀၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ စိန်ပန်း(၃၀၀)ပင်၊ ကံကော်(၃၀၀)ပင်၊ ပိတောက် (၂၀၀)ပင်၊ ပျဉ်းမ(၂၀၀)ပင်၊ တပေဘူးတပေ(၂၀)ပင်၊ စက္ကူပန်း(၄၀)ပင်၊ စိန်တံချူ(၄၀)ပင်၊ ခြောက်လကုက္ကို (၄၀)ပင်၊ဇော်စိမ်း (၂၀၀၀)ပင်၊ဇော်လုံး( ၂၀၀၀)ပင်၊ ဇော်ကြား(၂၀၀၀)ပင်၊ သပြေညို(၁၀၀၀)ပင်၊ ပြည်ပန်းရွှေ(၄၀)ပင် စသည့်တို့ကိုစိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူ များ စုပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
ကေခိုင်စိုး(မြောင်းမြ)