မုဒုံမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် အခြေခံစက်ချုပ်နည်း ပညာ သင်တန်းဖွင့်လှစ်

မုဒုံ   ဇွန်    ၅

 မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာ သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်း ကျောင်း၌ ဖွင့်လှစ်သည်။

 အခမ်းနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်မှ အဖွင့်အမှာစကား ပြောကြားပြီး မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ပြည်နယ်မှူး ဒေါ်နွယ်နွယ်ဝါက ရပ်ကွက်/ကျေးရွာနေပြည်သူများ    အခြေခံစက်ချုပ်နည်းပညာသင်တန်း ကို တက်ရောက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖတ်တစ်လမ်းမှ     အထောက်အကူပြုစေရန် ရည်ရွယ်၍ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် အခမဲ့ သင်တန်းကိုဖွင့်လှစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာနေ သင်တန်းသူ(၂၀)ဦး တက်ရောက်၍  မွန်ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ(၁)ဦးနှင့် မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းမှ သင်တန်းနည်းပြ (၁)ဦးတို့က တစ်လ ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)