မလှိုင် ဇွန် ၇
သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော၂၀၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လည် ၁၂ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ ၊ရွှေမုဌောဘုရားကြီး အတွင်းရှိ လယ်/ဆည် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲသို့ မလှိုင်မြို့နယ်အတွင်းမှ ရဟန်းသံဃာတော် နှင့် သီလရှင်ဆရာလေး( ၄) ပါး အပါအ၀င် စုစုပေါင်းစာရင်းရှိ (၆၇) ပါးဖြစ်ပြီး ၀င်ရောက်ဖြေဆိုသူ ( ၅၄ ) ပါးရှိသည်။ ပထမကြီးတန်းတွင် ၀င်ရောက်ဖြေဆိုသူ (၁၅)ပါး ၊ပျက်ကွက်(၁)ပါး ၊ပထမလတ်တန်း တွင်ဖြေဆိုသူ( ၁၂) ပါး ၊ပထမငယ် တန်းတွင် ဖြေဆိုသူ(၁၆) ပါး၊ ပျက်ကွက် (၃) ပါး၊ မူလတန်းတွင် ၀င်ရောက်ဖြေဆိုသူ(၁၁)ပါး ၊ ပျက်ကွက်(၉) ပါးရှိပြီး စုစုပေါင်း၀င်ရောက် ဖြေဆိုသူသံဃာ (၅၄)ပါး ၊ ပျက်ကွက်(၁၃)ပါးရှိကြောင်းသိရသည်။
ပါဠိပထမပြန် စာမေးပွဲဖြေဆိုရာသို့မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်နှင့်အဖွဲ့၀င်များ၊ အကျိုးတော်ဆောင် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့၀င်များကသွားရောက်အားပေး ကြည့်ရှုခဲ့ပြီး အအေးများ ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)