နွားထိုးကြီး ဇွန် ၇
နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ချိုင်းနားကျောင်း စာသင်တိုက်၊ မိဘဂုဏ်ရည် ဓမ္မဗိမာန်၌ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိစာသင်တိုက်များမှ ပါဠိပထမပြန် စာမေးပွဲကို သံဃာတော်(၄၆)ပါး၊သီလရှင် (၉)ပါး၊ စုစုပေါင်း(၅၅)ပါးရှိပြီး၊ ဝင်ရောက်ဖြေဆို သံဃာတော်( ၂၇)ပါး၊သီလ ရှင်(၇)ပါး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကား ပြန့်ပွား စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပါဠိပထမပြန် စာမေးပွဲကို ဇွန်(၇) ရက်နေ့မှ ဇွန် လ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ပေးမည် ဖြစ်ကြောင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ၏လမ်းညွှန်မှု နှင့်သာသနာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်