ကျောက်မဲမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ကျောက်မဲ  ဇွန်  ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၏ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီ က မြို့ကျက်သရေဆောင်ခန်းမ အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျင်းပသည့် ပါဠိပထမပြန် စာမေးပွဲတွင် အခြေပြုမူလတန်း သံဃာ ၄၃ ပါး၊ ပထမငယ်တန်း သံဃာ ၂၀ ပါး၊ ပထမလတ်တန်း သံဃာ ၁၆ ပါး၊ ပထမကြီးတန်း သံဃာ ၄ ပါး စုစုပေါင်း သံဃာ ၈၃ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန် စာမေးပွဲကာလမှာ ဇွန် ၁၃ ရက်နေ့အထိ တစ်ပတ်ကြာမြင့်မည်ဖြစ်ပြီး စာမေးပွဲအား ကျောင်းတိုက်အသီးသီးမှ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်သာသနာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)