လှည်းကူး ဇွန် ၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိသောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာနှစ်ရွာတွင် ကျေးရွာလမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါလမ်းခင်းခြင်းလုပ်ငန်းများကို နန်းတိ ကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDPဖြင့် ဆောင်ရွက်သောလမ်းမှာ ဌာနရန်ပုံငွေ ကျပ်သိန်း (၁၀၀)အား ပြည်သူနှင့်ပေါင်းစပ်၍ ၈၉၀'×၈'×၆" ခင်းနိုင်ပြီး စာဘူးတောင်းကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာတွင် မြစိမ်းရောင်တိုးပွား ငွေကျပ် သိန်း(၁၂၀) အား ပြည်သူနှင့် ပေါင်းစပ်၍ ၁၀၁၂'×၁၂'×၆"ခင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ကျေးရွာတွင် ကွန်ကရစ်လမ်းများ ခင်းနိုင်ခြင်းကြောင့် ကျေးရွာအတွင်းရှိ ရဟန်း သံဃာတော်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျောင်းသူ၊ ကျောင်းသားများ မိုးတွင်းကာလတွင် အဆင်ပြေစွာသွားလာနိုင်မည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်အဖွဲ့သည် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းVDPနှင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှ တင်ပြလာသော လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သင်းမြတ်သော်