သဲကုန်းမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ

သဲကုန်း ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ မိုးကောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

အစိုးရဓမ္မာစရိယစာမေးပွဲကို သဲကုန်းစာဖြေဌာနတွင် သံဃာတော်(၂၁)ပါး၊သီလရှင်(၃)ပါးနှင့်လူပုဂ္ဂိုလ် (၂)ဦး စုစုပေါင်း(၃၆)ပါး ဝင်ရောက် ဖြေဆိုလျက်ရှိကြရာ စာမေးပွဲကို ဩဝါဒစရိယဆရာတော်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသည်။

အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်မှ(၁၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ် စာမေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)