ရသေ့တောင် ဇွန် ၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် အနောက်ပိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ရပ်မိ/ရပ်ဖများနှင့်တွေဆုံပွဲအခမ်းအနားကို မေယုခန်းမ၌နေ့လည်၁၂:၃၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အနောက်ပိုင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ အမှာစကားပြောကြားရာတွင် ဒေသ လုံခြံရေး၊ ပညာရေး၊ ကျန်းမာရေး လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့် ပတ်သက်၍ လမ်းညွန်မှာကြားခဲ့သည်။
ယင်းနောက် ရပ်မိ/ရပ်ဖ ဦးဦးသာဇံမှ ရသေ့တောင်-ပုဏ္ဏားကျွန်း ကားလမ်းသွားမှု ရရှိရေး၊ ကန်တော်ကြီးတွင် ရေများ သိုလှောင်တူးဖော်ရေး၊ မေယုကမ်းခြေဒေသ လျှပ်စစ်မီးရရှိရေး တို့အားလည်းကောင်း တောင်ရင်း ရပ်ကွက်မှ ရပ်မိ/ရပ်ဖ ဦးဦးသိန်းထွန်းမှ ကမ်းနားလမ်းမြေ အပ်ကွဲနေမှုနှင့် စစ်ဘေးရှောင် ကျောင်းသား/ သူများ ပညာသင်ရေးအတွက် ထောက်ပံ့မှုများ လိုပါကြောင်းကိစ္စနှင့်ပတ်သက်၍တင်ပြဆွေးနွေးခဲသည်။
ဆက်လက်၍အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူးထံမှ ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ ပူ ဇော်နိုင်ရန် ဘုရားဆင်းထုတော်(၁၅၀)ဆူအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင် လင်းထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဌေးအောင်၊ဦးဦးသိန်းမောင်တို့မှ လက်ခံရရှိခဲ့ ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)