မြောင်းမြမြို့၌ အစိုးရဓမ္မာစရိယ ပါဠိပထမပြန်နှင့် အခြေပြုမူလတန်းစာမေးပွဲဖြေဆိုသည့် သံဃာတော်များအားအလှူငွေများဆက်ကပ်လှူဒါန်း

မြောင်းမြ  ဇွန်   ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁ ခုနှစ် ၊အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊လတ်၊ကြီး) နှင့်အခြေပြုမူလတန်းစာမေးပွဲဖြေဆိုသည့် သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁:၃၀) အချိန်က စကြာသီဟ၊ စကြာနန္ဒ ဘုရားဝန်းရှိ ထွန်းညွန့်ရတနာစံကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစန်းဌေးနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနော်မိုင်လှကြည်နှင့်ဇနီးတို့က ယနေ့အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင်(၆)ပါး၊ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းစာမေးပွဲ ဖြေဆိုသည့် ရဟန်း၊ သာမဏေ၊ သီလရှင် (၁၉၆)ပါးအား(၁)ပါးလျှင် ဝတ္ထုငွေ (၁၅ဝဝဝ)ကျပ်နှုန်းဖြင့် စုစုပေါင်း စာဖြေသံဃာတော်(၂၀၂)ပါးအားလှူဒါန်းခဲ့ကြပြီး စာဖြေ သံဃာတော်များအား  အချိုရည်များဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြ)