နတ်မောက် ဇွန် ၈
နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ကျပ္ပင်ကျေးရွာသို့ ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်ကGAPနည်းစနစ်ဖြင့်မိုးသီးနှံစိုက်ပျိုးနိုင်ရန်အတွက် မြေနမူနာများရယူနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ မိုးရာသီမိုးနှမ်း ၊မိုးမြေပဲ နှင့် မိုးပဲတီ စိမ်းများကို GAPနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးအတွက် မြေနမူများရယူ၍ Happy Metal ပါဝင်မှုစစ်ဆေးခြင်းနှင့် သီးနှံအလိုက်မြေတွင်းအာဟာရဓာတ် ပါဝင်မှု စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တောင်သူစိုက်ကွင်းထဲအရောက်သွား၍ လက်တွေ့မြေနမူနာ များရယူခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို ထံမှသိရသည်။
သင်းသင်းဝေ