ရေစကြိုမြို့နယ်ဇီးတောကျေးရွာ အလကကျောင်းဆောင်မီးလောင်မှုဖြစ်ပွား

ရေစကြို      ဇွန်   ၈

 

ရေစကြိုမြို့နယ်ဇီးတောကျေးရွာ အလကကျောင်းဆောင် ဇွန် ၇ ရက်ည ၉ နာရီအချိန်ခန့်ကမီးလောင်မှု ဖြစ်ပွား သည်။ မီးလောင်ရာသို့ ရေစကြိုမြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၄၀ မိနစ်အချိန် ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဇီးတောကျေးရွာအလက စာသင်ကျောင်းဆောင်ပေ ၁၂၀‌၊၂၄‌ ပေသွပ်မိုး RC (၁)ထပ်အဆောက်အဦတွင် အမည်မသိလူများက စာသင် ဆောင်ခန်းများအတွင်း ဓာတ်ဆီလောင်း မီးရှို့မှုဖြစ်ပွားခဲ့သဖြင့် စာသင်ကျောင်း မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကျောင်းဆောင်သွပ်မိုးများ၊ သံမျှားတန်း၊ သံဒိုင်းများ ခန့်မှန်းတန်ဖိုးကျပ်၂၅သိန်း ခန့်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နော်နော်(ချင်းတွင်းသား)