အောင်လံမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

အောင်လံ ဇွန် ၈

        

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင်  အောင်လံမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက် အ-ထ-က(၁)ကျောင်း ရွှေရတုခန်းမ စာဖြေဌာနတွင် စတင်ဖြေ ဆိုခဲ့ကြောင်း သိရသည်။

         

 

အောင်လံမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် စာရင်းသွင်းသံဃာ(၈၄)ပါးအနက် ပထမကြီး တန်းတွင်(၆)ပါး၊ ပထမလတ်တန်းတွင်(၆)ပါး၊ ပထမငယ်တန်းတွင်(၁၈)ပါး၊ အခြေပြုမှုလတန်းတွင် (၃၃)ပါး၊ စုစုပေါင်းရဟန်းသံဃာ(၆၃)ပါး ကြွရောက်ဖြေဆိုလျှက်ရှိပြီး စာမေးပွဲကို ဇွန်လ(၇)ရက်မှ (၁၃)ရက်နေ့အထိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အကျိုး တော်ဆောင်များနှင့် မြို့နယ်သာသ နာရေးမှူးတို့က ကြီးကြပ်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျှက်ရှိသည်။

         

 

အဆိုပါစာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက စာဖြေသံဃာတော်များအားနေ့စဉ်ဆွမ်းနှင့် အချိုရည်များဆက်ကပ်လျှက်ရှိပြီး ကျန်းမာရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနတို့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

         

 

မျိုးသိန်း