ပုလောမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး Talk Show ပြုလုပ်

ပုလော ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လျှပ်စစ်ဌာနတို့ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး Talk Show ကို ဇွန်လ   ရက်နေ့ နံနက် နာရီက ပုလောမြို့နယ် Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌  ပုလောမြို့နယ် လျှပ်စစ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုက မိုးရာသီသို့ ရောက်ရှိ နေပြီဖြစ်၍ နေအိမ်အဝိုင်းအဝန်းနှင့် နေအိမ်ပြင်ပ အန္တရာယ်ကင်းစေရန် ()ပိုင်းခွဲခြား၍ နေအိမ်အတွင်း ရေစိုအဝတ်အစားများဖြင့် လျှပ်စစ်ပစ္စည်း ကိုင်တွယ်ခြင်း၊ လျှပ်စစ်ပစ္စည်းများကို ကလေးများနှင့် နီးကပ်စွာ ထားရှိခြင်းနှင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ တစ်ပြိုင်တည်း အသုံးပြုခြင်းကို ရှောင်ကြဉ်ရန်၊ နေအိမ်ပြင်ပတွင် မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်၍ သစ်ပင်သစ်ကိုင်းများ ကြိုးကျခြင်း၊ လေပြင်တိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်များ၊ ကြိုးများ ပျက်စီးခြင်း၊ ကျောက်ကား၊ သဲကားများ၊ ကုန်တင်ကားများ၊ ဖုန်းတိုင်များ ပြုလုပ်ရာတွင် အန္တရာယ်ကင်းစေရန် မြို့နယ်လျှပ်စစ်ဌာနသို့ ကြိုတင် ဆက်သွယ်အကြောင်းကြားပေးကြပါရန် အကြံပြုဆွေးနွေးခဲ့သည်။

အေးအေးမော် (ပုလော ပြန်/ဆက်)