မောက်မယ် ဇွန် ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ သစ်တော/သစ်ပင်များကို ပြုစုပျိုးထောင်စိုက်ပျိုးခြင်းဖြင့် အနာဂတ်မျိုးဆက်သစ်များ သာယာလှပသည့် အနာဂတ်ဘဝများ ရရှိစေရန်၊ သစ်တောသယံဇာတများ ပြုစုပျိုးထောင်ပေးရန်နှင့် စိမ်းလန်းစိုပြေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်ပေါင်း (၅၀၀၀၀)ကျော် ကိုပျိုးထောင်ထားရှိပြီး အခမဲ့ ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
မောက်မယ်မြို့နယ် သစ်တောဉီးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန် ဒေသနှင့် ကိုက်ညီသည့် ကျွန်း ၊ ပျဉ်းကတိုး ၊ မယ်ဇလီ ၊ စိန်ပန်းနီ ၊ စိန်ပန်းပြာ ၊ စိန်တံခြူ ၊ ရေသင်းဝင် ၊ ရေတမာ ၊ လျှော်ဖြူ ၊ ဗန်ဒါ နှင့် နှစ်ရှည်သီးနှံ စားပင်များဖြစ်သော သရက် ၊ ပိန္နဲ ၊ ထောပတ် ၊ ဒန့်သလွန်၊ ကြောင်လျှာပင်များကို မောက်မယ်မြို့ ပျိုးဥယျာဉ် နှင့် ဟိုနမ့်တိုက်နယ် ပျိုးဥယျာဉ် တို့တွင် ပျိုးပင်ပေါင်း (၅၀၀၀၀)ကျော် ပျိုးထောင်ထားရှိကြောင်း ဇူလိုင်လမိုးရာသီကာလ အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာများ၊ လမ်းဘေးဝဲ/ယာများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံ တောအုပ် ဦးဇော်ညို၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ဆက်)