ကော့ကရိတ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ကော့ကရိတ်  ဇွန် ၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကော့ကရိတ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကော့ကရိတ်မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင် ဦးဆောင်သော အဖွဲ့များက ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းဝင်းအတွင်း နေထိုင်ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသားစိစစ်ရေးတ်ပြားမရှိသူ အမျိုးသား (၂၇)ဦး၊ အမျိုးသမီး(၂၈)ဦး၊ အသက် (၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ (၁၄)ဦး စုစုပေါင်း(၆၉)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။

ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက  ယခုကာလတွင် ပန်းခင်းစီမံချက်​ဖြင့် တပ်မတော်သားများ၊ နိုင်ငံ့ဝန်ထမ်းများအား ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးပါက ကော့ကရိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့  ဆက်လက်ကွင်းဆင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)