ရန်ကုန် ဇွန် ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ကွန်ဒိုတစ်ခုရှိ အသေးစားချေးငွေလုပ်ငန်းတွင် လုပ်ကိုင်နေသော ဝန်ထမ်း ၂ ဦးကို ဇွန် ၆ ရက်နေ့တွင် ကိုဗစ်(၁၉)ရောဂါပိုး စစ်ဆေးတွေ့ရှိရသဖြင့် ဖောင်ကြီးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကို ယမန်နေ့တွင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး ပြန်လည်တွေ့ရှိမှု များဖြစ်လာပြီး ဇွန် ၁ ရက်နေ့တွင် ကိုဗစ်(၁၉)လူနာ ၁၃ ဦး၊ ဇွန်၂ရက်နေ့တွင် ၈ ဦး၊ ဇွန် ၃ ရက်နေ့တွင် ၁၉ ဦး၊ ဇွန် ၄ ရက်နေ့တွင် ၈ ဦး၊ ဇွန် ၅ ရက်နေ့တွင် ၁၉ ဦးတို့တွင် ရောဂါပိုးတွေ့ရှိကြောင်း သိရှိရသည်။
ဇွန် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၆၇) ဦးရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ဇွန် ၆ ရက်နေ့အထိ ကိုဗစ်(၁၉) ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၂၂၅ ဦးရှိကြောင်း သိရှိရသည်။
စန္ဒာမိုး(ပြန်/ဆက်)