ဘားအံမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ဘားအံ   ဇွန်  ၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၏ သာသနာထွန်းကား ပြန့်ပွားစေရေးအတွက် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီတွင် ဘားအံတက္ကသိုလ် ဂန္ဓမာဆောင်တွင် ကျင်းပရာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံဃာနာယက ဆရာတော်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်၏ ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ပထမကြီးတန်းတွင် သံဃာ(၆၀)ပါး၊ သီလရှင် (၃)ပါး၊ ပထမလတ်တန်းတွင် သံဃာ (၆၁)ပါး၊ သီလရှင် (၂)ပါး၊ ပထမငယ်တန်းတွင် သံဃာ (၁၁၂)ပါး၊ သီလရှင် (၁၉)ပါး၊ လူပုဂ္ဂိုလ် (၁)ယောက်၊ အခြေပြုမူလတန်းတွင် သံဃာ (၁၂၉)ပါး၊ သီလရှင် (၅၂)ပါး၊ လူပုဂ္ဂိုလ် (၇)ယောက် စုစုပေါင်းသံဃာ (၃၆၂) ပါး၊ သီလရှင် (၇၆)ပါးနှင့် လူပုဂ္ဂိုလ်(၈) ယောက်တို့ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)