ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ)စာမေးပွဲ ဒုတိယနေ့ဆက်လက်ဖြေဆို

ဆီဆိုင်     ဇွန်     ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက် အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာဇဝနာရာမပရိယတ္တိစာသင်ကျောင်းတိုက်၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်(ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲ ဒုတိယနေ့ကို ယနေ့ မွန်းတည့် ၁၂ နာရီက စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။

အစိုးရပါဠိပထမပြန်စာပေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ ပရိယတ္တစာသင်ကျောင်းတိုက်များမှ စာဖြေသံဃာ စုစုပေါင်း စာရင်းပေးသွင်းသူဦးရေ(၁၇၄)ပါးအနက် ပထမကြီးတန်းတွင်(၁၀)ပါး၊ ပထမ လတ်တန်းတွင်(၁၇)ပါး၊ ပထမငယ်တန်းတွင်(၁၉)ပါး၊ အခြေပြမူလတန်းတွင်(၇၁)ပါး စုစုပေါင်း စာဖြေသံယာ(၁၁၇)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဘာသာရပ်အလိုက် စာမေးပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)