တွန်းဇံမြို့နယ်တွင်ပိုးတွေ့လူနာ(၂၉၈)ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၄၉)ဦးနှင့်သေဆုံးသူ(၈) ဦးထိရှိ

တွန်းဇံ  ဇွန်  ၈

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ တွန်းဇံပြည်သူ့ဆေးရုံနှင့် ကျီးခါးတိုက်နယ်ဆေးရုံ တွင် ၂၀၂၁ ခုနှစ်၊ဇွန်လ(၈)ရက်နေ့တွင် Rapid Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး(၅)ဦးတွင် ထပ်မံတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ထပ်မံရရှိသူ (၁၆)ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။

ယနေ့ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသ သူ (၈)ဦးအနက် အမျိုးသား(၁)ဦးတွင် Covid-19 Positive တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ (၁၆)ဦး၊ထပ်မံသေဆုံးသူ(၁)ဉီးနှင့် ကျီးခါးမြို့ တိုက်နယ်ဆေးရုံ ပြင်ပလူနာဌာနတွင် လာရောက်ပြသ သူ (၁၉)ဦးအနက် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦးတို့တွင် Covid-19 Positive တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ထပ်မံရရှိသူမရှိသေးကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့မှ စတင်ပြီး Rapid Test Kitဖြင့် Covid-19 ရောဂါ ရှိ/မရှိ စတင်စစ်ဆေးခဲ့ရာတွင် တွန်းဇံမြို့နယ်အတွင်း Covid-19 Positive (၂၉၈)ဦး တွေ့ရှိခဲ့သည်။ တွန်းဇံမြို့နယ်အတွင်း Covid-19 ရောဂါဖြင့် သေဆုံးသူ(၈)ဦးအထိ ရှိလာပြီး တွန်းဇံမြို့နယ်အတွင်း Covid-19 ရောဂါတွေ့ရှိပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ (၄၉)ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်၏ ပြောပြချက်အရ သိရှိရသည်။

ဝေဖြိုး(ဇလပ်မြေ)