မောင်တော ဇွန် ၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ဝေးလံခေါင်ဖျားသော ပဒကားရွာသစ်အုပ်စု ၊ခုံတိုင်ကျေးရွာမှ (မြို)တိုင်းရင်းသားများအား ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ရုံးတွင်ပြုလုပ် ပေး ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင် တောမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးဆောင်၍ ဝန်ထမ်းများက ဝေးလံခေါင်ဖျား သော ပဒကားရွာသစ်အုပ်စု ၊ခုံတိုင်ကျေးရွာမှ (မြို)တိုင်းရင်းသားများ အသက်(၁၀)နှစ်ပြည့် မ (၁)ဦး ၊ အသက် (၁၈) နှစ် ပြည့် ကျား(၈)ဦး၊မ(၁၃)ဦး ၊ ပျောက်ဆုံး/ပျက်စီးမိတ္တူ ကျား(၂)ဦး ၊ မ (၃) ဦး စုစု ပေါင်း (၂၇) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ညနေပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာဝန်ရှိသူများက (မြို) တိုင်းရင်းသားများထံသို့ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြပြီး နှာခေါင်းစည်း(Mask)နှင့် လက်သန့်ဆေးရည်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရ သည်။
သက်လွင်စိုး