တပ်ကုန်း ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာ ရေးနှစ်အတွင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အသက် မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံ လက်သမား၊ ပန်းရံ၊ ဘိလပ်မြေအုတ် ရိုက်နည်း သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ ချင်းတွင်းရိပ်သာခန်းမတွင် ကျင်းပ သည်။
ရှေးဦးစွာ တပ်ကုန်းမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦးက နှုတ်ခွန်းဆက်အားပေး စကားပြောကြား၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဆက်နိုင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်း နည်းပြဆရာများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းနှင့်သင်တန်းသား ကိုယ်စားလှယ်(၁)ဦးထံ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို (၁၁.၅.၂၀၂၁)ရက်နေ့မှ (၈.၆.၂၀၂၁)ရက်နေ့အထိ ရက်သတ္တပတ်(၄) ပတ် ကြာဖြစ်ပြီး၊ လက်သမား၊ ပန်းရံ ကျွမ်းကျင်နည်းပြဆရာများနှင့်ကျေးရွာများမှ စိတ်ဝင်စားပြီး ဆန္ဒပြုခဲ့ကြသည့် သင်တန်းသား(၂၀)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)