ပန်လုံ(အ.ထ.က)ကျောင်းသို့ လက်ဆေးဘေစင်နှင့်ရေပုံးများလှူဒါန်း

ပန်လုံ    ဇွန်    ၉

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွမ်းလုံမြို့အခြေစိုက် Nyein Thanlwin Development Foundationမှ ကျောင်းသူကျောင်းသားများ Covid-19 ကူးစက်ရောဂါကာကွယ်ရန်နှင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခြင်းမှ ကင်ဝေးစေရန် ရည်ရွယ်၍ လက်ဆေးဘေစင်နှင့် ရေပုံးတို့ကို လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် တန်ဖိုးငွေ ကျပ်(၆၀,၀၀၀/-)တန် ဘေစင်(၂၅)ခုနှင့် ရေပုံး(၂၅)ပုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၅၀၀,၀၀၀/-)ခန့်ကို လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အက်စ်ခေါင်စေးက လက်ခံရယူခဲ့ပြီး ပန်လုံမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(၈) ကျောင်းသို့ဘေစင်နှင့်ရေပုံး(၁)စုံစီကို ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်ဦး(ပြန်/ဆက်)