မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေသစ်ရှင်းလင်းပွဲနှင့် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းပျဉ်း    ဇွန်    ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာဥပဒေ သစ်ရှင်းလင်းပွဲနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက မိုင်းပျဉ်းမြို့ ၊အခြေခံပညာအထက်တန်းကျောင်းရှိ နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ (မိုင်းပျဉ်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့်အမျိုးသမီးကော်မတီဥက္ကဌ)ဦးမြင့်ဝင်းကအမှာစကားပြောကြားခဲ့ပြီး၊ ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ခင်မြင့်က ကလေးသူငယ်ဥပဒေပါ ကလေးသူငယ် အခွင့်အရေး (၄)ရပ် ကိုပြည်သူ လူထုနှင့်ကလေးသူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး၊ ဥပဒေပိုင်း ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာနှင့်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအသိပညာများရရှိရေး၊ ကလေးသူငယ်များ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဥပဒေနှင့်ရင်ဆိုင်နေရသော ကလေးနှင့်လူငယ် များအား ကူညီစောင့်ရှောက်မှု အခြေအနေများ ကိုရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းခြင်း ၊ကျောင်းသား/သူများက အုပ်စုဖွဲ့၍ ဆွေးနွေး ခြင်းများပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်ပြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်ရရှိစေရေး အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများဖွင့် လှစ်ခြင်း၊ အကြမ်းဖက်မှု၊ခြိမ်းခြောက်ခံနေရမှုကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှုများနှင့် ရှေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)