မိုင်းခတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်  အိမ်တိုင်ရာရောက်ထောက်ပံ့

မိုင်းခတ်   ဇွန်  ၁၅

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်  အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ်ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေး ပင်စင်များကိုရပ်ကွက်​/ကျေးရွာ၊ အုပ်စုရှိသက်ကြီးဘိုးဘွားများ၏ အိမ်တိုင်ရာရောက် သွား  ရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာ  နှစ် ဒုတိယ  (၃)လပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွားတစ်ဦးအား တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မိုင်းခတ်မြို့နယ်တွင်အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၄၂)ဦးရှိ​ပြီး စုစု​ပေါင်း​ငွေကျပ်(၁၂၆၀၀၀၀)ကို​ထောက်ပံ့​ပေးအပ်သွားမည် ဖြစ်​ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)