မြို့သစ်မြို့နယ် မြတ်လေးကုန်းအုပ်စု မြတ်လေးကုန်းကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

မြို့သစ် ဇွန် ၁၅

မကွေးခရိုင်၊  မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့ နယ် ဦးစီးမှူး ဦးတင်စိုးနှင့်ဝန်ထမ်းများက  ပန်းခင်းစီမံချက်အရအိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိ   စစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစတင်၍  မြို့သစ်မြို့နယ်ရုံးတွင် စတင်ပြု  လုပ်ပေး လျက်ရှိသည်။

ပန်းခင်းစီမံချက်အရ ပြုလုပ် ဆောင်ရွက်ပေးရာတွင်မြို့နယ်အတွင်း အမှန်တကယ်နေထိုင်ခြင်း  လက်ရှိ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင်ကတ်မရှိသူများ ၊  လက်ရှိဇာတိတွင် အမြဲနေ ထိုင်ပြီး လူဦးရေစာရင်းမရှိသူများ၊ မှတ်ပုံတင်ကတ်မရှိသူများကို ပန်းခင်း စီမံချက်ဖြင့် အမြန် ဆုံး ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍  ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ရာတွင်  မြို့သစ်မြို့နယ်မြတ်လေးကုန်း ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာများကို ယမန်နေ့ နံနက်ပိုင်းက   ကွင်းဆင်း ဆောင်ရွက်ပေးလျက်

ရှိရာအိမ်ထောင်စုမိတ္တူ ( ၃၆ ) ဦးအတွက်ပြုလုပ်ပေးခဲ့ပြီး   ကျန်ရှိသည့်ကျေးရွာများကိုလည်း မိုးရာ

သီဖြစ်တဲ့အတွက်  ရာသီဥတုအပေါ်မူတည်၍ အဖွဲ့ခွဲကာကျေးရွာအရောက်   သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးထံမှ သိရသည်။

ကိုဇော်(မြို့သစ်)