ဖာပွန်မြို့ရှိ အခြေခံပညာ မူလတန်းကျောင်းအတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များထောက်ပံ့

ဖာပွန်  ဇွန်  ၁၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းအတွက် ကျောင်းဝတ်စုံနှင့် ဗလာ စာအုပ်များ ထောက်ပံ့ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် လာရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

 ထိုသို့လာရောက်ထောက်ပံ့ရာတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကျော်ဦးက ကျောင်းဝတ်စုံ နှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ကိုပေးအပ်ရာ မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးဇေယျာအောင်၊ အ.မ.က (၂) ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးသန်း၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

 အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းအတွက် ကျောင်းဝတ်စုံ(၅၀)စုံနှင့် ဗလာစာအုပ် ဒါဇင်(၅၀)ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)