မောက်မယ်မြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေး

မောက်မယ်     ဇွန်   ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများသည် ယမန်နေ့က ဟိုနမ့်ကျေးရွာအုပ်စု၊ ဥယာစန်းကျေးရွာ၊ ပူးထိုကျေးရွာ၊ ပြင်သာယာကျေးရွာနှင့်အောင်သုခကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယားနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈)နှစ်  ပြည့်၊ လဲလှယ်၊ မိတ္တူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ(၁၂၄)ဦးကွင်းဆင်းပြုလုပ်ပေးခဲ့​ပြီး ကျန်ရှိနေသေးသည့် မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှူးရုံးမှ ဝန်ထမ်းများ ထံမှသိရသည်။

 မြို့နယ်(ပြန်/ဆက်)