သုံးခွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်း နှင့်ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

သုံးခွ ဇွန် ၁၅

မြို့နယ်ကျန်းမာရေးဌာနမှ ပြည်သူလူထုအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေး၊ ပြည်သူတွေကိုယ်တိုင် ပါဝင်ဆောင်ရွက်တတ်စေရေးနှင့် ကျန်းမာရေး အသိပညာများရရှိစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ် ၃ရပ်ကွက်၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာမှူး ဒေါက်တာ‌ ဇော်၀င်းသန်း၊ မြို့နယ်ကျန်းမာရေးဆရာမကြီးဒေါ်လဲ့လဲ့၀င်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့အမှု ဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့် တာ၀န်ရှိသူများ၊ ကြက်‌ခြေနီတပ်ဖွဲ့၀င်များက‌ အမှတ် ၃ရပ်ကွက်ရှိ နေအိမ်များသို့ သွားရောက်ကာ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) ရေစည်၊ ရေအိုး၊ ရေကန်များထဲသို့ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း ကိုတစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။