ရန်ကုန် ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို စုပေါင်းရပ်ကွက်တွင် ဇွန်လ (၁၅) ရက်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေး အပ်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ (၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွား တစ်ဦး ကို တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်တွင် အသက် (၈၅)နှစ်နှင့် အထက် စုစုပေါင်းသက်ကြီး ဘိုးဘွား (၃၆) ဦးရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
စန္ဒာမိုး