ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ပွင့်ဖြူမြို့နယ်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ    ဇွန်      ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင် များသည် ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ အစည်းအဝေးခန်းမတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြား ရာတွင် တက်ရောက်လာသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ရပ်ကွက် ကျေးရွာ များတွင် နည်မြေတည်ငြိမ်အေးချမ်းရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြား နိုင်ရေးအတွက် ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော စာသင်ကျောင်းများကို အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကြိုးပမ်း ဆောင်ရွကသွားကြရန်နှင့် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော  ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်က တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ အယူအဆနှင့် အမြင်မှားများ မလွဲမှားစေလိုကြောင်းနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအဖျက်အမှောင့်များ၏ လုပ်ရပ် များနှင့် ကောလဟာလသတင်းများကို မယုံကြည်ကြရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ နယ်မြေ အလိုက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် သတ်မှတ်ကာလအတွင်း ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ် ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းအား မကျန်ရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက တစ်ဦးချင်းစီ မိတ်ဆက် ကြပြီး မိမိတို့ နယ်မြေအလိုက် ဒေသဖွံ့ဖြိုးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများကို ဝိုင်းဝန်း ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။

ရဲဝင်းနိုင် ( ညောင်ဦး )