ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနေ

 

စစ်ကိုင်း ဇွန် ၁၅

စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်းစုလူဦးရေးစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးနေ ကြောင်းသိရသည်။

 

"ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် ထုတ်ပေးသွားရမှာပါ အခုဆို ကျွန်တော်တို့ ဌာနအနေနဲ့ ရုံးမှာလည်း ဆောင်ရွက်ပေးနေသလို အဖွဲ့များ ခွဲပြီးလည်း ရပ်ကွက်/ ကျေးရွာတွေမှာ ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ် လာရောက်လုပ်ကိုင် ဆောင်ရွက်ကြတဲ့ ပြည်သူတွေကိုလည်း အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင် ရွက်ပေးနေပါတယ် ရုံးမှာ လာရောက်ဆောင်ရွက်ကြတာဆိုရင် တစ်နေ့ကို လူဦးရေ(၅၀)ခန့်လောက် လုပ်ကိုင်ဆောင်ရွက် နေရပါတယ် နောက်ရက်တွေ ရုံးမှာလာရောက် လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုလည်း လာခဲ့ကြပါ ဌာန အနေနဲ့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေး သွားမှာပါ" ဟု  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောကြားသည်။

 

စစ်ကိုင်းမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ (၁၀၇၂၆) ဦးတို့အား အိမ်ထောင်စု လူဦး ရေစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်လုပ်ကိုင်ပေးသွား ရမည်ဖြစ် ကြောင်း သိရသည်။ 

ဇော်မြင့်နိုင်