ရေကြည် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့ပေါ်ရပ်ကွက်များသို့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲက မြို့ပေါ်ရပ်ကွက် အသီးသီးရှိ နေအိမ်များသို့ ပိုးလောက်လန်းများမရှိ စေရန်ရေကန်၊ ရေတိုင်ကီ၊ ရေအိုး၊ ရေပုံးအတွင်း ခြင်ဖြစ်မည့် ပိုးလောက်လန်းများအား အဘိတ်ဆေးခတ်ခြင်း၊ အဘိတ်ဆေးများကို တစ်အိမ်တက်ဆင်း လိုက်လံဝေငှ ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးဖြစ်ပွားစေသော ခြင်များ မပေါက်ဖွားနိုင်စေရေးအတွက် အသိပညာပေးခြင်း၊ ရေကန်များ၊ ကျောက်စည်များ၊ ရေအိုးများအတွင်း အဘိတ်ဆေး ခပ်ပေးခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)