မင်းလှ ဇွန် ၁၉
ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သော ၂၀၂၀ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်အောင် မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ် ဆပ်ကက်ဆုချီးမြှင့်ပွဲ (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။
၂၀၂၀ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်ဝင် ရောက်ဖြေဆိုသူများအနက်မှ ပထမကြီးတန်း(၁) ပါး၊ ပထမငယ်တန်း(၃) ပါး၊ အခြေပြုမူလတန်း(၁၀) ပါးတို့အောင်မြင်ခဲ့ကြောင်း၊ မြို့နယ် သံဃာနာယက အဖွဲ့ဝင် ဆရာတော်များက စာမေးပွဲအောင်မြင်သူများအား ဆုချီးမြှင့်နိုင်ရန်အတွက် ဆုငွေနှင့် လှူဖွယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)