တွံတေးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ၊ စျေးရောင်းချသူများ အား အသိပညာပေးခြင်းဆောင်ရွက်

တွံတေး ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လမ်းသွား လမ်းလာ များ၊ စည်ပင်သာယာမြို့မစျေးကြီး စျေးရောင်းချသူများနှင့် စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအသိပညာပေး အရှိန်အဟုန် မြှင့်တင်ရေး လှုပ်ရှားမှုဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက ကျောက်တိုင်မီးပွိုင့် လမ်းဆုံ၊ စည်ပင်သာယာမြို့မစျေး၊ ဆေးရုံရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇာနည်အောင် မြို့နယ်ကျန်းမာဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှ မြို့နယ်​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးလှစိုး မြို့နယ်စည်ပင် သာယာအမှုဆောင်အရာရှိ ဦးတင်အောင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများ လူမှုရေး အသင်းအဖွဲ့များက ကျောက်တိုင် မီးပွိုင့်လမ်းဆုံ၊ စည်ပင်သာယာမြို့မစျေးကြီးရှေ့နှင့် ဆေးရုံရှေ့တို့တွင် ခရီးသွား ပြည်သူများ စျေးရောင်း ချသူများနှင့် စျေးဝယ်သူများအား နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာအကွယ်(Face Shield) များ တပ်ဆင်ရေး၊ စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ကုသရေးထက် ကြိုတင်ကာကွယ်ရေးက ပိုမိုထိရောက်ကြောင်းကို Hand Speaker ဖြင့် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ နှာခေါင်းစည်း(Mask)များ​​ ဖြန့်ဝေခြင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးအတွက် တာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)