နတ်မောက် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားများအတွက် ပင်စင် များကို ယနေ့ နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင် လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် သုံးပေအကွာစည်းများပြုလုပ်ပေးထားခြင်း ၊လက်ဆေးဘေစင်များ ပြုလုပ်ထားခြင်းများကိုနတ်မောက်မြို့ နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ထားသည်။
အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ဇွန် ၂၁ ရက် နေ့မှ ၂၈ ရက် နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာများမှ ပင်စင် စားများအား နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်း မရှိသော အငြိမ်းစားများအား ဇူလိုင်လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင် များကို ထုတ်ပေး မည်ဖြစ်ပြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၀၀) ဦးခန့်ရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
လှဝင်း