မိုးညှင်း ဇွန် ၂၁
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇွန်(၁၉)ရက် နံနက်(၉)နာရီခွဲက ပညာရေးဌာန၌ အစားထိုးခန့်ထားရန်အတွက် ဆရာ/ဆရာမများ စာမေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၅၂၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
အဆိုပါ စာမေးပွဲဖြေဆိုရန် စာရင်းပေးထားပြီး လာရောက်ဖြေဆိုသူစာရင်းအရ မူလတန်း ဆရာ/ဆရာမများ အတွက် အမျိုးသား(၂၅)ဦးနှင့် အမျိုးသမီး(၅၄၀)ဦးရှိပြီး လာရောက်ဖြေဆိုသူ အမျိုးသား(၂၂)ဦးနှင့် အမျိုးသမီး(၄၇၉)ဦး၊ အလယ်တန်းဆရာ/ဆရာမများ အတွက် အမျိုးသမီး(၁၁)ဦး စာရင်းပေး၊ ဖြေဆိုသူ (၁၁)ဦးနှင့် အထက်တန်းဆရာ /ဆရာမများအတွက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၅၃)ဦး စာရင်းပေးထားခဲ့ပြီး ဖြေဆိုသူ အမျိုးသမီး(၉)ရှိကြောင်းသိရ သည်။
ထိုသို့လာရောက် ဖြေဆိုကြသော ဆရာ/ဆရာမများအား ယမန်နေ့ နံနက်(၉)နာရီခွဲတွင် လူတွေ့မေးဖြေ စာမေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်