ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကျင်းပပြုလုပ်

မောင်တော  ဇွန်  ၂၁

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မောင်တောခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်  မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပွဲတော်ကို  ယနေ့ နံနက် ၉ နာရီအချိန်က   မေယုဂေါက်ကွင်းအနီး  မောင်တော-အငူမော် ကားလမ်းဘေး တွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။

 

အခမ်းအနားတွင်  ခရိုင်/မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက  မိုးရာသီသစ်ပင်စိုက်ပျိုးရန်အတွက် ပျိုးပင်များအားပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး  ခရိုင်သစ်တောဦးစီးဌာန  လက်ထောက် ညွန်ကြားရေးမှူး ဦးပုံဇာဂင့် ၊မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော်နှင့်ဝန်ထမ်းများ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း၊ ဆရာ/မများနှင့် ကျောင်းသား/သူများ  ၊ လူမှုရေးအဖွဲ့အစည်းများ၊  စုစုပေါင်း အင်အား ၁၂၀ ဦးခန့်က   ကျွန်း ၂၅၀ ပင်၊ ပျဉ်ကတိုး ၃၅၀ ပင်၊ မဟော်ဂနီ ၁၅၀ ပင်၊ မန်ဂျန်ရှား ၄၀၀ ပင် ၊ ပင်လယ်ကဗ္ဗီး ၅၀ ပင် စုစုပေါင်း အပင် ၁၂၀၀ ပင်အား သတ် မှတ်နေရာ အသီးသီးတွင်   တပျော်တစ်ပါး စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

 

သက်လွင်စိုး