မက်မန်းမြို့နယ် အေးကျန့်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

မက်မန်း ဇွန် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  မက်မန်းမြို့နယ်တွင် ယမန်နေ့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာများအနက် အေးကျန့်ကျေးရွာအုပ်စု၊ အေးကျန့်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အသင်းသား (၁၈)ဦးတို့အား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်တွေ့ဆုံခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင် က စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုးစေမည့် လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်ပြီး သတ်မှတ်ကာလတွင် အရင်းနှင့်အတိုးပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး ၎င်းပြန်လည်ပေးဆပ်သည့် ချေးငွေများအား မက်မန်းဒေသအတွင်း ကျေးရွာအချို့များကို ပြန်လည်ထုတ်ချေးပေးသွားမည့်အပြင် မိမိတို့ကို ထုတ်ချေးပေးသည့် ငွေသားများသည် အများပိုင်ငွေကြေးတစ်ရပ် ထူထောင်ပေးခြင်းဖြစ်ကြောင်း ထိန်းသိမ်းစောင့်ရှောက်ရန်  ဒေသခံများအနေဖြင့်  အားလုံးဝိုင်းဝန်းထိန်းသိမ်း ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်းပေါင်း (၃၃၂.၈၄)သိန်းဖြင့်  အေးကျန့်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်သည့် ချေးငွေအသင်းသား(၁၃)ဦး၊ မွေးမြူရေးလုပ်ကိုင်သည့် ချေးငွေအသင်းသား (၅)ဦးနှင့် အရောင်းအဝယ် လုပ်ကိုင်ဆောင်ရွက်သည့် ချေးငွေအသင်းသား (၁)ဦး စုစုပေါင်း (၁၉)ဦးတို့၏ မြေပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကော်မတီဝင်များ က ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)