ကာလိ ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ပိုးလောက်လန်း(Laeva Control) ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဌာန ဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန် ကာလိမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်လှဟန်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဌာနဆိုင်ရာရုံးများရှိ ရေလှောင်ကန်များ၊ ရေများကြာရှည်ထားရှိသည့်နေရာများတို့၌ ပိုးလောက်လန်း ရှင်သန် ပေါက်ဖွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် (Larva control) ပြုလုပ်ပေးခြင်း၊ ဝန်ထမ်းများ အသုံးပြုသည့် သောက်သုံး ရေကန်များကို အဘိတ်ဆေးခပ်ပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ပြန်/ဆက်)