မလှိုင် ဇွန် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်၉နာရီအချိန်က မလှိုင်မြို့နယ် ပြန်/ဆက်ရုံး Community centre ခန်းမ၌ မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိတာဝန်ကျေ ကြရန်လိုကြောင်း ၊ နိုင်ငံ့ဝန်ထမ်းဘဝဖြစ်ရသည်ကို ဂုဏ်ယူတတ်ကြစေရန်၊ ဝန်ထမ်းများ အသိပညာ ဗဟုသုတတိုးပွားစေရန် စာဖတ်၊ စာရေးကြရန် ၊ စာဖတ်မှအသိပညာဗဟုသုတ တိုးပွားမည်ဖြစ်၍ မိမိဌာနလုပ် ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်နိုင်မှာ ဖြစ်ကြောင်း၊ ဌာန လုပ်ငန်းများကိုလည်း လုပ်နိုင်သည် မှစ၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်နှင့် ကိုဗစ်-၁၉ရောဂါကိုလည်း အထူးဂရုစိုက် သတိထား နေထိုင်ကြရန် မှာကြားဆွေးနွေးခဲ့ ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)