ဘီးလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ဘီးလင်း ဇွန် ၂၁

သထုံခရိုင်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများအဖြစ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ မွန်းလွဲ၁ နာရီက မြို့နယ်ရုံး Community centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း‌ ကြောင့် ရရှိလာမည့် ဆိုးကျိုးအန္တရာယ်များကို ပညာပေးဟောပြောခဲ့သည်။ 

ယင်းနောက်  မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ဆက်လက် ပြသ ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိ ရသည်။

ထူးနောင်