မိုးရာသီ စိုက်ပျိုးစရိတ်​ငွေများ ထုတ်​ချေး

ချောက် ဇွန် ၂၁

မ​ကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင် သူများ အတွက် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးငွေများကို ဇွန် ၁ရက်​နေ့ကစတင်၍ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေလာရောက် ထုတ်ယူသော တောင်သူ များအား ကိုဗစ်-၁၉​ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ​ချေး​ငွေများ ထုတ်ချေးပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ ထုတ်ချေးငွေများကို မိုးသီးနှံစိုက်ပျိုး‌သော တောင်သူများအား အခြားသီးနှံမြေပဲ၊ နှမ်း၊ ပဲစိမ်းငုံ၊ ပဲတီစိမ်းတစ်ဧကလျှင်​ငွေကျပ်၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးလျက်ရှိရာ ပန်းဘဲ၊ လင်းတကိုင်း၊ သစ်တိုကန်၊ ဆည်ကန်၊ ဝသဲစမ်း၊​ ကျောက်ရဲ၊ ပြည့်ပင်၊ ကင်းမွန်းခြုံစသည့်​ ကျေးရွာအုပ်စု(၈)အုပ်စုတို့မှ​တောင်သူဦး​ရေ စုစုပေါင်း (၆၀၈)ဦး၊ ၏ နှမ်း(၂၆၇၅)ဧက​၊​မြေပဲ(၆၉၆)ဧက၊ ပဲစိမ်းငုံ(၂၉၉)ဧက၊ ပဲတီစိမ်း (၁၅၀)ဧက စုစုပေါင်း (၃၈၂၀)ဧကအတွက် ထုတ်ချေးငွေကျပ်သိန်း​ပေါင်း (၃၈၂၀)သိန်းအား ထုတ်ချေး ပေးပြီး ကြောင်းနှင့် ​ချောက်မြို့နယ်တွင်​ ကျန်ရှိ​နေ​သော ​ကျေးရွာအုပ်စုများကို ဆက်လက်ထုတ်​ချေးသွားမည်ဖြစ်​ကြောင်း သိရသည်။

ကျော်မိုး