အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၁)ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန် ဇွန် ၂၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၁) ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ရာတွင် သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ တပ်ရင်းမှူးနှင့် တပ်မတော်သားများ ပူးပေါင်း၍ မိုးတွင်းအခါ ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကျောင်းအတွင်း၊ အပြင်ခြုံနွယ်သစ်ပင်များ၊ ရေမြောင်းများ သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန္ဒာမိုး