ကော့ကရိတ် ဇွန် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်း များ၏ ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၉နာရီမှစ၍ အလှည့်ကျစနစ်ဖြင့် စနစ် တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးခြင်းကို အများပြည်သူ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် အငြိမ်းစားဝန်ထမ်း ၃၄၄ဦးအား ကိုဗစ် - ၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ထုတ်ပေးနိုင်ခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)