ရန်ကုန် ဇွန် ၂၂
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျော့နည်းစေရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဗဟန်း) Community Centre သို့ ယမန်နေ့နံနက်ပိုင်းက မြတ်စေတနာဆေးခန်းမှ ဒေါက်တာဇေသူအောင်က ကျန်းမာရေးအထာက်အကူပြုပစ္စည်းများဖြစ်သည့် SP-20 Handheld Pulse Oximeter USER MANUAL လက်ကိုင်အောက်စီဂျင် တိုင်းတာရေး သာမိုမီတာစက်၊ Automatic Blood Pressure Monitor HEM-7120 အလိုအလျောက် သွေးပေါင်ချိန် တိုင်းတာရေးစက်၊ Infrared ကိုယ်အပူချိန်တိုင်းတာရေးစက်၊ ဓာတ်ဆားဆေးထုပ်များ၊ လက်ဆေး ဆပ်ပြာရည်များနှင့် ပါးစပ်၊ နှာခေါင်းစည်း Mask များ လာရောက်လှူဒါန်းရာ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှလှဌေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
အဆိုပါ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းရခြင်းသည် ယခုအချိန်တွင်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှာ ပိုမိုလျင်မြန်စွာကူးစက်နေသည့်အတွက် ရောဂါထိန်းချုပ်နိုင်ရေး အနေဖြင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre သို့ စာဖတ်၊စာငှားရန် လာရောက်ကြသော ကလေးငယ်များ၊ လူကြီးများနှင့် ရုံးဝန်ထမ်းများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် မိမိတို့၏ ကျန်းမာရေး အတွက် ယခုလှူဒါန်းထားသော စက်များဖြင့် အခမဲ့ဆောင်ရွက်နိုင်ကြပြီး၊ နှာခေါင်းစည်း Mask များကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရန်အတွက် လာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်