သတင်းများ

ရှမ်းရွာသစ်မြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
Sep 23,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်/ကျေးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ် ပြုသည့်အနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အောင်လံမြို့နယ်တွင် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး (စာရေးဝန်ထမ်း) များအား ရုံးပိတ်ရက်များ အတွက် သီးခြားထောက်ပံ့ငွေ ပေးအပ်
Sep 23,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲအတွင်း ရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်း များအား ရုံးပိတ်ရက်များအတွက် သီးခြားထောက်ပံ့ငွေပေးအပ်မှုကို ယမန်နေ့နံနက် (၁၁) နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းနှင့်အတူ နှာခေါင်းစည်းများဖြန့်ဝေ
Sep 23,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကူးစက်ပျံ့ပွားမှုမြန်ဆန်သည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုများ (Mask) နှာခေါင်းစည်းစနစ်တကျတပ်ဆင် သွားလာနိုင်ရေးနှင့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန်ခန့် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းနှင့်အတူ နှာခေါင်းစည်း(Masks)များ (အခမဲ့) ဖြန့်ဝေပေးလျက် ရှိသည်။
ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၆၂)စုအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Sep 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၃)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၈:၃၀) နာရီအချိန် က ပင်လုံမြို့ ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၌ အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံငွေများပေးအပ်
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ပေါ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ်အတွက် နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ (၅၃)ဦးထပ်မံဝင်ရောက်
Sep 23,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့နံနက် (၆)နာရီမှ ညနေ(၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ (၅၃)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ကျေးရွာ (၁၉) ရွာတွင် လမ်းလုပ်ငန်းနှင့် မြေသားမိုးရေလှောင်ကန်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Sep 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာပေါင်း (၁၉) ရွာတွင် ကျောက်ချောလမ်းလုပ်ငန်း၊ ဂျင်းလမ်း ခင်းခြင်းလုပ်ငန်းနှင့် မြေသားမိုးရေလှောင်ကန်ပြုပြင်ခြင်းလုပ်ငန်းများကို Cask for Work စီမံကိန်းဖြင့် တစ်ရွာလျှင် ငွေကျပ် (၁၀၀) လုပ်အားခပေးချေဆောင်ရွက်စေခဲ့ရာ၊ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြ သော ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်
Sep 23,2020
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြိုနယ်တွင် ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးရုံးတွင် ယမန်နေ့ နေ့လယ် (၂) နာရီခန့်က ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်းသိရသည်။