သတင်းများ

တမူးခရိုင်၊ မြို့သစ်မြို့တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြားရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊မြို့သစ်မြို့တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြားရှိ သာသနာ့ဝန်ထမ်းများ အပါအဝင် သက်ကြီးဘိုး ဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို တမူးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြိုင်ကြီးငူအထူးဒေသဈေးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေး
Sep 23,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဈေးရောင်းဈေးဝယ်သူများ ရောဂါပိုးကူးစက်ပျံ့ပွားမှုမရှိစေဘဲ အခြေခံစားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာ သန်းထိုက်အောင်နှင့် ရပ်မိရပ်ဖများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့၌ ရန်ကုန်မြို့နှင့်မန္တလေးမြို့မှ ပြန်လာသူ(၁၀)ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာ စစ်ဆေးချက်အဖြေများ ထုတ်ပြန်ကြေညာ
Sep 23,2020
ရှမ်းပြည်နယ် (‌မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁) ဦးမြစိုး၊ သားဖွားဆရာမ ဒေါ်နန်းမြဟန် နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာသူ (၁၀)ဦးကို (၁၇-၉-၂၀၂၀)ရက်နေ့က နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများ ရယူခဲ့ကြောင်း သိရသည်။
ရွှေဘို မြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Sep 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း စက်တင်ဘာလ ၂၀ ရက်နေ့၊ ညနေ ၇ နာရီခန့်က လေပြင်းများကျ ရောက်ခဲ့မှုကြောင့် လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသဖြင့် ရွှေဘိုခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ကြည်သူများ ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က သွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စခန်းများသို့ လက်သန့်ဆေးပုံးနှင့် Mask များလှူဒါန်း
Sep 23,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စခန်းများသို့ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေ ရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ အလှူရှင် များ လာရောက်လှူဒါန်းထားသည့် လက်သန့်ဆေးပုံး နှင့် နှာခေါင်းစည်း Mask များကို အမှတ်(၇)ရပ်ကွက်ရှိ အ.ထ.က(၅)နှင့် အမှတ်(၂) ရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်း များတွင် ဖွင့်လှစ်ထားရှိသည့် ကန့်သတ်စောင့်ကြည့်စခန်းများသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းသည်။
ခေါင်လန်ဖူး၌ ကျေးရွာ ၄၁ ရွာရှိ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သောE.coli ပိုး ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Sep 23,2020
ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက် လျက်ရှိရာ ကျေးရွာ ၄၁ ရွာမှ အများသုံးရေစုကန်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော E.Coli ပိုးရှိ/မရှိကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှုးနှင့် တာဝန်ရှိသူများက စက်တင်ဘာလ ၇ ရက်နေ့ မှ ၂၂ ရက်နေ့အထိ ရက်ပေါင်း(၁၆)ရက်ကြာ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ အောက်ဆီဂျင်စက်နှင့် ချွဲစုပ်စက်ဝယ်ယူနိုင်ရေး အလှူငွေပေးအပ်လှူဒါန်း
Sep 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသည့်လူနာများ၏ ကျန်းမာရေးကိစ္စအဝဝအတွက် အသုံးပြုနိုင်ရန် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်နေသည့် အောင်ဆီဂျင်စက် (Air-Concentrator) (5L)နှင့် ချွဲစုပ်စက် (Suction Machine) ဝယ်ယူနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း က နောင်တရားတိုက်နယ် ပြည်သူ့ဆေးရုံ၌ အလှူငွေများပေးအပ်လှူဒါန်းသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Sep 23,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြသည်။